မကြာသေးမီက ၉ ကြိမ်မြောက် အမျိုးသားတက္ကသိုလ်ကျောင်းသားများ Embedded Chip နှင့် System Design ပြိုင်ပွဲ ၏ အမျိုးသားအဆင့် နောက်ဆုံးဗိုလ်လုပွဲကို Nanjing Integrated Circuit Training Base တွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကွမ်ရှီးတက္ကသိုလ် (GXU) ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များက အမျိုးသားအဆင့် ပထမဆု ၁ ဆု၊ ဒုတိယဆု ၁ ဆုနှင့် တတိယဆု ၂ ဆု စုစုပေါင်း ၄ ဆု ရရှိခဲ့ကြသည်။
ယင်းတို့အနက် ပထမဆုရ စီမံကိန်း သည် “HiSpark Best Application Award” ဆုကိုလည်း ထပ်မံရရှိခဲ့သည်။ ထို့အပြင် GXU သည် ပြိုင်ပွဲတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် “Outstanding Organization Award” ဆုကိုလည်း ရရှိခဲ့သည်။

